အခွန်ပေးသွင်းဖို့အတွက် အခမဲ့ အကူအညီကို ရယူလိုက်ပါ

အခွန်ပေးသွင်းဖို့အတွက် ဘေးကင်း၊ လုံခြုံ၊ လွယ်ကူပြီး အခမဲ့ဖြစ်သည့် အကူအညီ။

သင်ပင်ပင်ပန်းပန်း ရှာဖွေထားသည့်ငွေတွေကို လုံခြုံစွာသိမ်းဆည်းထားပြီး သင်၏ 2020  ပြည့်နှစ်အခွန်ပေးသွင်းဖို့ အခမဲ့ အကူအညီကို ရယူလိုက်ပါ။

ဇန်နဝါရီလ 20မှ – ဧပြီ 18 ရက်နေ့၊ 2021 ခုနှစ်တွင် သင်တန်းဆင်း ပြည်တွင်းအခွန်များဌာန (Internal Revenue Service, IRS) ထောက်ခံချက်ရ အခွန်ကျွမ်းကျင်သူတွေဟာဆိုရင် သင်၏ အခွန်ပေးသွင်းမှုအတွက် ဘေးကင်း၊ လုံခြုံတဲ့ 100% ပြည့် အွန်လိုင်းကနေ ကူညီပေးမယ့်အစီအစဉ်ကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်သူတွေအနေဖြင့် အခွန်နဲ့သက်ဆိုင်ရာ ဥပဒေအသစ်တွေ၊ သက်သာချောင်ချိရေး ကျသင့်ငွေ အသစ်တွေ အပါအဝင် သုံးစွဲနိုင်သည့် ခရက်ဒစ် တွေနဲ့ပတ်သက်သမျှအားလုံးကို နားလည်သိရှိပြီးဖြစ်သည့်အတွက် သူတို့အနေဖြင့် သင့်ပြန်လည်ရယူငွေကို အများဆုံးဖြစ်စေပြီး ငွေကို ပိုပြီးစုဆောင်းမိနိုင်စေမှာ ဖြစ်ပါတယ်။  ထို့ပြင် ရသင့်ရထိုက်တဲ့ ငွေပမာဏ တောင်းဆိုစစ်ဆေးခြင်းကိုလည်း ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အခွန်ပေးသွင်း‌ရေး အခမဲ့အကူအညီကို အခွန်ထမ်းတစ်ဦးချင်း ပေးဆောင်ရမည့်နံပါတ် (ITIN) ကိုင်ဆောင်သူများအပါအဝင် လူတိုင်း ရရှိနိုင်ပါတယ်။

သင့်အခွန်များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ဘက်က အကောင်းဆုံးကူညီပေးနိုင်ဖို့အတွက် သင်လိုအပ်နိုင်မယ့် အကြောင်းအရာအနည်းငယ်အပြင် နောက်ထပ် အကူအညီဖြစ်စေမယ့် ရွေးချယ်မှုတွေ၊ စုဆောင်း ရယူထားရမယ့် စာရွက်စာတမ်းတွေ ရှိပါသေးတယ်-

သင်လိုအပ်မယ့်အရာများ

  • နိုင်ငံသားမှတ်ပုံတင်ကတ်
  • သင့်မျက်နှာအနီးတွင် နိုင်ငံသားမှတ်ပုံတင်ကတ်ကို ကိုင်ထားပြီး သင်ကိုယ်တိုင် ဆဲလ်ဖီဆွဲထားသည့် ဓာတ်ပုံတစ်ပုံ
  • လူမှုဖူလုံရေးကတ် ဒါမှမဟုတ် အခွန်ထမ်းတစ်ဦးချင်း ပေးဆောင်ရမည့်နံပါတ် (Individual Taxpayer Identification Number, ITIN) စာရွက်စာတမ်း
  • ဝင်ငွေအထောက်အထားစာရွက်စာတမ်းများ (W-2, 1099-R, etc.)

ရယူနိုင်မယ့် အခြား ရွေးချယ်စရာ စာရွက်စာတမ်းများ 

  • ပြီးခဲ့သည့်နှစ်၏ အခွန်ပြန်တမ်း
  • သတ်မှတ်ထားသည့်ဈေးနှုန်းရှိသော ထုတ်ပြန်ချက်ပါရှိသော ကျန်းမာရေးအာမခံ  (1095-A)
  • ကလေးသူငယ် စောင့်ရှောက်ရေး ဖော်ပြချက်
  • လောင်းကစား  အနိုင်ရရှိမှု ဖော်ပြချက်
  • ကျောင်းလခဖော်ပြချက်

အခမဲ့ အခွန် ဖိုင်တွဲထားရှိရန် လွယ်ကူသည့်နည်းလမ်းများ


သင့်အား အကူအညီပေးမည့်သူတစ်ဉီး

GetYourRefund.org

အခွန်ပေးသွင်းရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အခမဲ့အွန်လိုင်းဝန်ဆောင်မှုများကို ရယူပါ။ IRS-အတည်ပြု အခွန်ကျွမ်းကျင်သူများအနေနဲ့ သင်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး သင့်အခွန်ပြန်တမ်းကို အဝေးကနေ ကြိုတင်ပြင်ဆင်ပေးကာ သင့်အတွက် အီလက်ထရောနစ် စနစ်ဖြင့် ဖိုင်ဖွင့်ပေးမှာဖြစ်ပါတယ်။ ဘေးကင်း၊ လုံခြုံတဲ့ ပေါ်တယ် ဟာဆိုရင် သင့်ရဲ့သက်ဆိုင်ရာ စာရွက်စာတမ်းများကို အပ်လုဒ် လုပ်ဖို့ လွယ်ကူစေပါတယ်။

ကိုယ်တိုင် ဖိုင်ဖွင့်ခြင်း

MyFreeTaxes.com

MyFreeTaxes.com ကို အသုံးပြုပြီး၊ သင့်အခွန်အတွက် သင်ကိုယ်တိုင် အခမဲ့ဖိုင်ဖွင့်နိုင်ပါတယ်။ ယခုဝန်ဆောင်မှုအနေနဲ့ သင့်ကို အကောင့်တစ်ခုဖွင့်စေပြီး သင့်အခွန်များကို သင်ကိုယ်တိုင် ဖြည့်သွင်းကာ ဖိုင်ဖွင့်ရမှာ ဖြစ်ပါတယ်။

အကူအညီ ရယူပါ

2-1-1

သင့်အခွန်များကို အခမဲ့ ဖိုင်ဖွင့်နိုင်မည့် အကူအညီအပါအဝင် ဘာသာစကား အကူအညီဖြင့် အချက်အလက်များနှင့် အထောက်အပံ့များ ရရှိနိုင်ရန်အတွက် 2-1-1 ကို ခေါ်ဆိုနိုင်ပါတယ်။


ကျွန်တော်တို့၏ စပွန်ဆာများကို ကျေးဇူးတင်ရှိပါသည်-